မိုင်းဖြတ် ဧပြီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၁၃၈၅ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ ယနေ့ နံနက် ၇နာရီခွဲက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆည်ကားသိုက်မြိုက်စွာ ကျင်းပပြုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ပင့်သံဃာတော် (၃၇၄)ပါတို့က ဝမ်မိုင်ရပ်ကွက်အနီး ပြည်ထောင်စုလမ်းမကြီးမှစတင်၍ ကြွရောက်တော်မူရာ ခေတ္တစစ်ဆင်ရေးကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီးဇင်အောင်နှင့် ဇနီး၊ မိုင်းဖြတ်တပ်နယ်မှ မိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဒေသခံစေတနာရှင် အလှူရှင်များက ဆွမ်းဆန်များ၊ နဝကမ္မအလှူငွေများ၊ ဆေးများအစရှိသည့် လှူဖွယ်ပစ္စည်းများကို ကုသိုလ်ပြုလောင်းလှူခဲ့ကြသည်။
ထို့အတူ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဧပြီလ ၁၇ရက်သည် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်သည့်အတွက် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ရောက်ရှိပြီဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်များက ဘုန်းကြီးကျောင်းများ၊ စေတီပုထိုးများ၌ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဥပုသ်သီလစောင့်ခြင်း၊ပုတီးစိပ်ခြင်း၊ ဘုရားရေသပ္ပါယ်ခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)