မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနား တက်ရောက်

မကွေး ဧပြီ ၁     

၁၃၈၅ ခုနှစ် မကွေးမြို့ မဟာသင်္ကြန်ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကွဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။ 

ရှေးဦးစွာ မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နှစ်သစ်ဆုတောင်းမင်္ဂလာစကားပြောကြားပြီး ၁၃၈၅ ခုနှစ် မကွေးမြို့ မဟာသင်္ကြန်ရေသဘင်ပွဲတော်တွင် အကဲဖြတ်အမှတ်ပေး ဒိုင်လူကြီးအဖွဲ့၊ နှစ်သိမ့်ဆုရရှိကြသည့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များနှင့် တပင်တိုင်အကအဖွဲ့များအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် တတိယဆုရရှိသည့် ယိမ်းအဖွဲ့နှင့် တပင်တိုင်အကအဖွဲ့အား တိုင်းဒေကြီးတရားသူကြီးချုပ် ဒေါ်မိမိမော်ကလည်းကောင်း၊  ဒုတိယဆုရရှိသည့် ယိမ်းအဖွဲ့နှင့် တပင်တိုင်အကအဖွဲ့အား အနောက်ပိုင်းလေတပ် ကွပ်ကွဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်းနှင့် ဇနီးကလည်းကောင်း၊ ပထမဆုရရှိသည့် ယိမ်းအဖွဲ့နှင့် တပင်တိုင်အကအဖွဲ့အား မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီးကလည်းကောင်း ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များနှင့် တပင်တိုင်အကအဖွဲ့များက သင်္ကြန်သီချင်းများသီဆို၍ ကပြဖျော်ဖြေခဲ့ကြပြီး မဟာသင်္ကြန်ရေသဘင်ပွဲတော်အား ပိတ်သိမ်းခဲ့ကြသည်။

ကွေးတိုင်းဒေသကြီးအစိုးရအဖွဲက ကြီးမှူးကျင်းပသည့် ၁၃၈၅-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မကွေးမြို ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနမဏ္ဍပ် (၆)ခု စုစုပေါင်းမဏ္ဍပ်(၇)ခုတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနအလိုက် ဧည့်ခံဖျော်ဖြေရေးမဏ္ဍပ်များ၌ ယိမ်းအက အလှအဖွဲ့ (၁၉)ဖွဲ့က ယှဉ်ပြိုင်ကပြဖျော်ဖြေခြင်း၊ DJ Music များဖြင့် ဖျော်ဖြေဧည့်ခံခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များသို့ လာရောက် ကြည့်ရှုအားပေးသည့် ပရိသတ်များ၊ ရေကစားလာပြည်သူများနှင့် ဖျော်ဖြေရေးယိမ်းအဖွဲ့များအား သင်္ကြန်ဖြစ်မြောက်ရေးကော်မတီနှင့် အလှူရှင်များမှ နေ့စဉ် စတုဒိသာမုန့်များဖြင့် ဧည့်ခံကျွေးမွေးကာ မကွေးတိုင်းဒေသကြီး ၁၃၈၅ -ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)