နှစ်သစ်ကူးအလှူအဖြစ် သက်ကြီးပူဇော်ပွဲအခမ်းအနား ကန့်ဘလူမြို့၌ ကျင်းပ
Apr 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် နှစ်သစ်ကူးအလှူအဖြစ် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်အလှူရှင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် ငါးခုမှ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၇ နာရီခွဲက ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။