ရမည်းသင်း ဧပြီ ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ၏ မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း အမိန့်အမှတ် (၂၉/၂၀၂၄) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အရ၊ ရမည်းသင်းမြို့၊အောင်မင်္ဂလာ ရပ်ကွက်ရှိရမည်းသင်း အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားနှင့် အကျဉ်သူတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးပွဲ အခမ်းအနားကို ရမည်းသင်း အကျဉ်းထောင်ဝန်းရှိ ဓမ္မာရုံ၌ ဧပြီ ၁၇ ရက် နံနက် ၉ နာရီကပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေဦးစွာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်ထွန်းက လွတ်ငြိမ်း ချမ်းသာခွင့်ရ အကျဥ်းသား/ သူများကို ဆုံးမဩဝါဒစကားပြောကြားပြီး ရမည်းသင်းအကျဉ်းထောင်တာဝန်ခံအရာရှိ ဦးစိုးသီဟ မှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ဖတ်ကြားကာ တာဝန်ရှိသူများက လွတ်မြောက်ခွင့် ရရှိသူများကို ခရီးစရိပ်၊ ခံစားခွင့်တို့ကို ထုတ်ပေးရာလွတ်မြောက်ခွင့်ရ အကျဥ်းသား/ သူတို့မှလက်ခံ ရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုသူများမှာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေအရ ပြစ်မှုများ၊ မတရား အသင်းများ အက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက် များ အက်ဥပဒေပုဒ်မ ၁၉(စ) အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက် ( အရေးပေါ် ပြစ်ဒဏ်စီရင်မှု)(ယာယီ) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက် (ယာယီပြင်ဆင်ချက်)အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ် လက်နက်အမိန့်ရ ပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရ ပြစ်မှုများ၊ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရပြစ်မှုများ၊ သဘာဘေးအန္တရာယ် ဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေ အရ ပြစ်မှုများနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှ အပတည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး ရမည်းသင်းအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား(၇၀)ဦး၊ အကျဉ်းသူ(၂၃)၊ စုစုပေါင်း(၉၄) ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဉပဒေပုဒ်မ ၄၀၁(၁)၊ပုဒ်မခွဲ(၁)အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးခဲ့ကြောင်း သတင်းရရှိသည်။
ရမည်းသင်း
ခရိုင်(ပြန်/ဆက်)