ညောင်လေးပင်မြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှု သင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ

ညောင်လေးပင် ဧပြီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၄)နာရီက မြို့မ(၃)ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းမပေါ်ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကပြဖျော်ဖြေပေးခဲ့သော ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုများချီးမြှင်ပေးခဲ့ကြသည်

ထို့နောက် ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို”သီချင်းနှင့် “နှုတ်ခွန်းဆက်”သီချင်းတို့ဖြင့် ကပြဖျော်ဖြေပြီး အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)