တပ်ကုန်းမြို့နယ် ကင်းသာကုန်ထုတ်စခန်း (၁/၂) မှ အကျဉ်းသား (၃၇) ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြု

တပ်ကုန်း ဧပြီ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၃၀/၂၀၂၄ အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်းသာကုန်ထုတ်စခန်း(၁/၂)တွင် လွတ်ငြိမ်းခွင့်ရသည့် အကျဉ်းသားများအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပြုအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကင်းသာကုန်ထုတ်စခန်း(၁) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် တပ်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတက်ထွန်း၊ ကင်းသာကုန်ထုတ်စခန်း(၁)မှ တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ရန်နိုင်ထွန်း၊ ကင်းသာကုန်ထုတ်စခန်း(၂) တာဝန်ခံ ဦးစီးအရာရှိ ဦးကျော်မင်းထွန်း၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်နိုင်၊ သတင်းရဲတပ်ဖွဲ့တပ်ဖွဲ့စုမှ ရဲအုပ်ထွန်းနောင်၊ ကင်းသာ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းတို့ တက်ရောက်ခဲ့ပြီး၊ တာဝန်ရှိသူများက ဆုံးမ ဩဝါဒစကားများ ပြောကြားခဲ့ပြီးနောက် ကင်းသာကုန်ထုတ်စခန်း(၁)မှ ပြစ်ဒဏ်ကျ အကျဉ်း သား (ကျား) ၃၃ ဦး၊ ကင်းသာကုန်ထုတ်စခန်း (၂)မှ ပြစ်ဒဏ်ကျ အကျဉ်းသား (ကျား) လေးဦး၊ စုစုပေါင်း အကျဉ်းသား ၃၇ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိကြောင်း သိရသည်။

တင်စိုးလွင်