မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့် တပင်တိုင်အကပြိုင်ပွဲဆုချီးမြှင့် ဘားအံမြို့ မဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်း

ဘားအံ ဧပြီ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ဘားအံမြို့ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ဧပြီလ ၁၆ ရက်နေ့ မဟာသင်္ကြန် အတက်နေ့ ညနေပိုင်းက ဘားအံမြို့၊ သီရိကွင်းရှိ  ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

ဦးစွာ မဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့် တပင်တိုင်အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပ ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး တို့က မဏ္ဍပ်အလှ ပထမ၊ ဒုတိယ၊ တတိယ ဆု၊ တပင်တိုင်အက၊ Copy သံစဉ်ယိမ်းအက၊ ကိုယ်ပိုင်သံစဉ်ယိမ်းအက နှစ်သိမ့်ဆုရရှိကြသူများ၊ ဂီတစာဆို (တပင်တိုင်/ယိမ်း) ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများ၊ ကိုယ်ပိုင်သံစဉ် (ယိမ်းအက/တပင်တိုင်အက) ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများ၊ တပင်တိုင်အကပြိုင်ပွဲ ဆုရရှိကြသူများ၊ Copy သံစဉ်ယိမ်းအကပြိုင်ပွဲတွင် ဆုရရှိ ကြသူများ၊ ကိုယ်ပိုင်သံစဉ်ယိမ်းအကပြိုင်ပွဲတွင် ဆုရရှိကြသူများအား အသီးသီးဆုများပေးအပ် ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်းဘေဘီမြင့်က Copy သံစဉ်ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသော ဘားအံပညာ ရေးဒီဂရီကောလိပ် မဟာသင်္ကြန်ယိမ်းအဖွဲ့အား စာအိတ်ဖွင့်ဖောက် ကြေညာ၍ ပထမဆုဖလားနှင့်ငွေသားဆု (၁၆)သိန်းကျပ်ကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ် ဝန်ကြီးချုပ်က ကိုယ်ပိုင်သံစဉ်ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသော ငြိမ်းချမ်းပန်းတိုင် ချစ်သူမြိုင် မဟာသင်္ကြန်ယိမ်းအဖွဲ့အား စာအိတ်ဖွင့်ဖောက်ကြေညာ၍ ပထမဆုဖလားနှင့် ငွေသားဆုသိန်း (၂၀)ကျပ်တို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ဆုရရှိကြသော တပင်တိုင်အကအဖွဲ့များ၊ မဟာသင်္ကြန်ယိမ်းအကအဖွဲ့များက ပြန်လည် ကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဘားအံမြို့ ဗဟိုမဏ္ဍပ်ပိတ်ပွဲကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်သိမ်းကြောင်း ကြေညာပြီး မန်းတောင်ရိပ်ခို တေးသီချင်းဖြင့် စုပေါင်းသီဆိုကပြ ဖျော်ဖြေ၍ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)