ရေနံချောင်း ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဓာတ်ဆားထုပ်များကို ပြည်သူများအား ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ရေနံချောင်းမြို့ ဆိပ်သာကွန်းထောက်ရပ်၊ ညောင်လှရပ်ကွက်၊ ရွှေဘုံသာရပ်၊ သစ်တပွေရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ မြို့မဈေး၊ ရွှေကြာငုံရပ်ကွက်၊ သံကန်ကုန်းရပ်နှင့် လက်မှတ်ကုန်းရပ်ကွက်များရှိ ပြည်သူများအား အပူရှိန်မြှင့်တက်နေချိန်တွင် ကျန်းမာရေးထိခိုက်မှုမရှိစေရန် ရည်ရွယ်၍ အပူဒဏ်ကာကွယ်ရေး ရှောင်ရန်ဆောင်ရန်အချက်များကို သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်တတ်စေရန်အတွက် အသိပညာပေးလက်ကမ်းစာစောင် (၂၀၀)နှင့် ဓာတ်ဆားထုတ်များကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲ တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)