ပွင့်ဖြူမြို့နယ်၌ ကျေးလက်စည်ပင်သာယာဈေးများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်
Apr 21,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့မစည်ပင်သာယာဈေးကြီး အပါအဝင် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ကျေးလက်စည်ပင်သာယာဈေးများ ဈေးအင်္ဂါရပ်နှင့် အညီ အစဉ်အမြဲ သန့်ရှင်းသပ်ရပ်စေရေးအတွက် အပတ်စဉ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ ကျေးလက်စည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးဝန်းကျင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။