မော်လမြိုင် ဧပြီ ၂၀
မွန်ပြည်နယ်အတွင်းရှိ သထုံ၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ ကျိုက်ထို၊ မုဒုံ မော်လမြိုင်၊ ကျိုက်မရော မြို့နယ်များရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများ၊ ယာယီနေရပ်စွန့်ခွာစခန်းများ၊ ဘုန်းကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များတွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၏ ဦးဆောင်မှု ဖြင့် မြို့နယ်များမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရောဂါမျိုးကို သယ်ဆောင်သော ပိုးမွှားကောင်များမှ တစ်ဆင့် ကူးဆက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်များမှ တာဝန်ရှိသူများ စုပေါင်း၍ ဧပြီလ ၁၇ ရက်နေ့ မှ ၂၀ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် ကျန်းမာရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း ရေစည်၊ ရေအိုး၊ ရေသို လှောင်ကန်များအား (Abate) ဆေးခတ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်ပြန်/ဆက်