ကျွန်းစု ဧပြီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ကောင်းမွန်စေရေးကို အထောက်အကူ ပြုစေသည့် တိုက်ကွမ်ဒိုသင်တန်းကို (၇)ရက် ကြာဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၁)နာရီအချိန် က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စုစုလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးဖြိုးဝေလင်းက တိုက်ကွမ်ဒိုအားကစားနည်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ တိုက်ကွမ်ဒို အားကစားနည်းအမျိုးမျိုးတို့ကို သရုပ်ပြခဲ့ကြသည်။ သင်တန်းကို ဧပြီလ (၂၀)ရက်နေ့မှ (၂၆) ရက်နေ့ အထိ (၇) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ လူငယ်(၂၇)ဦး တက်ရောက်လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)