မြိတ်မြို့တွင် မီးပူဇော်ထားသော လျှပ်စစ် မီးလုံးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားပြီး နေအိမ်တစ်လုံး မီးလောင်

မြိတ် ဧပြီ ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်တောင်ရပ်ကွက်၊ မြို့မ (၂) ရပ်၊ မြခွာညိုလမ်းရှိ ဦးထွန်းဦး ပိုင်ဆိုင်သော အလျား (၂၀) ပေ၊ အနံ (၃၀) ပေ၊ ပျဉ်ထောင်အုတ်ညှပ် သွပ်မိုး (၂) ထပ် လူနေအိမ်အပေါ်ထပ် ဘုရားစင်တွင် ဧပြီ (၂၀) ရက် နံနက် (၉) နာရီ (၅၅) မိနစ်တွင် မီးပူဇော်ထားသော လျှပ်စစ်မီးလုံးအပူလွန်ကဲရာမှ မီးလောင်မှုစတင်ဖြစ်ပွားပြီး နေအိမ်အပေါ်ထပ် မီးလောင်ကျွမ်းပျက်စီးခဲ့သည်။

မီးလောင်မှုအား အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ စကားပြောစက်ဖြင့် မီးသတ်စခန်းသို့ သတင်းပေးပို့သဖြင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးစန်းဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၈) စီး၊ ရေသယ်ယာဉ် (၆) စီးနှင့် လူနာတင်ယာဉ်များဖြင့် သန္ဓေနှင့်အရန်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် ပြည်သူများစုပေါင်းငြိမ်းသတ်မှုကြောင့် (၁၀) နာရီ (၁၅) မိနစ်တွင် မီးငြိမ်းခဲ့သည်။ မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ် မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး၊ မီးလောင်မှုဖြစ်ပွားချိန်တွင် မီးသတ်ဆေးဘူးများဖြင့် ကနဦးငြိမ်းသတ်ထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိကြောင်း မီးသတ်ဦးစီးဌာမှ သိရသည်။

ခိုင်ထူး (ပြန်/ဆက်)