ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး မန္တလေးတိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများရှိ အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုအား ကြည့်ရှုအားပေး
May 17,2026
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် မေ ၁၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ "နိုင်ငံတော် အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပြည်ထောင်စုနယ်မြေအပါအဝင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့တွင် ရွေ့လျားဆေးကုသယာဉ်များ(Mobile Medical Unit) ဖြင့် အလုပ်ဌာနများအရောက် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်း အစီအစဉ်အဖြစ် မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်-၁ ရှိ စီဝိုင်တီချည်မျှင်စက်ရုံမှ အာမခံအလုပ်သမား (၇ဝ၆) ဦးနှင့် ဒုံးပျံဂျုံမှုန့်စက်ရုံမှ အာမခံအလုပ်သမား (၁၀၉)ဦးတို့အား ကွင်းဆင်း ဆေးကုသဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။