ထားဝယ်မြို့၌ ရွေးကောက်ပွဲဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ
Aug 22,2025
ရွေးကောက်ပွဲဥပဒေအသိပညာပေး ဟောပြောပွဲကိုယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးအစည်း အဝေးခန်းမ၌ကျင်းပသည်။ ဟောပြောပွဲတွင် တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းကရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံး ပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်းပြောကြားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲ စနစ်များ အကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားသည်။