သတင်းများ

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း သထုံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 17,2026
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သထုံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ ခြံပိုင်ရှင် ဦးညီစိုး‌ဝေ၏ ရာဘာအခြေခံ ဘက်စုံစံပြစိုက်ခင်းသို့ရောက်ရှိပြီး ရာဘာအပါအဝင် သီးနှံ ၆ မျိုးဖြစ်သည့် ကိုကိုး၊ သရက်၊ ပိန္နဲ၊ အုန်း၊ ဒူးရင်းပင်များ စီးပွားဖြစ်စိုက်ပျိုး‌အောင်မြင်ဖြစ်ထွန်းနေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က ဥယျာဉ်ခြံသီးနှံမျိုးကောင်းမျိုးသန့်ပျိုးပင်များ စိုက်ပျိုးထိန်းသိမ်းထုတ်လုပ်ရေး၊  တိုးတက်ပြောင်းလဲလာသော စိုက်ပျိုးနည်းစနစ်များအား တောင်သူ သိရှိနိုင်ရန်ပညာပေးလုပ်ငန်းများဆောင်ရွက်ကြစေရေး၊ ဥယျာဉ်ခြံလုပ်ငန်းများအား အသုံးချ သုတေသန  (Apply Research) များနှင့်ပေါင်းစပ်၍ သုတေသနရလဒ်များအားတောင်သူ လက်ဝယ်အရောက်ပညာပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးကြရန်ပြောကြားပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
ပခုက္ကူမြို့၊ အဝေးပြေးကားကြီးကွင်းပတ်လမ်း မြေနီခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
May 17,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အဝေးပြေးကားကြီးကွင်းပတ်လမ်း မြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
May 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၇)ရပ်ကွက် ရပ်ကွက်သာသနာ့နုဂ္ဂဟဓမ္မာရုံ၌  ယနေ့နံနက်ပိုင်းက  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်လဝကမှူး ဦး‌ကျော်ဝင်းထွန်းနှင့် သက်ဆိုင်ရာ ဝန်ထမ်းများက (၇)ရပ်ကွက်အတွင်း နေထိုင်ကြသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် ရက်(၁၀၀) စီမံချက်များကို အောင်မြင်စွာအကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်
May 17,2026
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း သထုံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 17,2026
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သထုံမြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ ခြံပိုင်ရှင်ဦးညီစိုး‌ဝေ၏ ရာဘာအခြေခံဘက်စုံစံပြစိုက်ခင်းသို့ ရောက်ရှိပြီး ရာဘာအပါအဝင် သီးနှံ ၆ မျိုးဖြစ်သည့် ကိုကိုး၊ သရက်၊ ပိန္နဲ၊ အုန်း၊ ဒူးရင်းပင်များ စီးပွားဖြစ် စိုက်ပျိုး‌အောင်မြင်ဖြစ်ထွန်းနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က ဥယျာဉ်ခြံသီးနှံမျိုးကောင်းမျိုးသန့်ပျိုးပင်များ စိုက်ပျိုးထိန်းသိမ်းထုတ်လုပ်ရေး၊ တိုးတက်ပြောင်းလဲလာသော စိုက်ပျိုးနည်းစနစ်များအား တောင်သူသိရှိနိုင်ရန် ပညာပေးလုပ်ငန်းများဆောင်ရွက်ကြစေရေး၊ ဥယျာဉ်ခြံလုပ်ငန်းများအား အသုံးချသုတေသန (Apply Research) များ နှင့် ပေါင်းစပ်၍ သုတေသနရလဒ်များအား တောင်သူလက်ဝယ်အရောက် ပညာပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးကြရန် ပြောကြားပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ(၇)ကြိမ်မြောက် နွေရာသီပညာပါရမီယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်း အောင်လက်မှတ်ပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
May 17,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ ကျင်းပသည့် နွေရာသီပညာပါရမီယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်း အောင်လက်မှတ်ပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်‌ရောက်ခဲ့သည်။
မြို့သစ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်းနှင့်ပိုစတာပြိုင်ပွဲကျင်းပ
May 17,2026
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၂၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စာသင်ဆောင်များ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မရမ်းကုန်းမြို့နယ်တွင် ကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆေးကုသမှုဆောင်ရွက်
May 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် အမှတ် (၁)ရပ်ကွက် မြို့ဟောင်း ၄ လမ်းနှင့် ၅ လမ်းရှိ နေအိမ်များ၌ မေ ၁၅ ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။