သတင်းများ

ရွှေတောင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေများပေးအပ်
Apr 25,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို တံပူစားကျေးရွာအုပ်စု၊ အစုကြီးကျေးရွာ၊ ဓမ္မာရုံ၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း healthy life style လူငယ် အသိပညာပေးသင်တန်းဖွင့်လှစ်သင်ကြား
Apr 25,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း လူငယ်ကဏ္ဍဆိုင်ရာအသိပညာပေးသင်တန်းကို ယနေ့နံနက် ၉နာရီအချိန်မှစ၍ သရက်ချောင်းမြို့၊ အခြေခံပညာ (အ-ထ-က)သရက်ချောင်း‌ကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား
Apr 25,2024
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင် နွေရာသီ ကျောင်းပိတ်ရက်ကာလ ကျောင်းသားကျောင်းသူများ ကိုယ် ၊ စိတ် ၊ နှလုံး ယဉ်ကျေးလိမ္မာစေရန်နှင့် ဗုဒ္ဓ၏အဆုံးအမ တရားတော်များနှင့်အညီ ကျင့်ကြံနေထိုင်တတ်စေရန် ရည်ရွယ်၍ ဆရာတော် ဦးဝါယမ ဦးဆောင်၍ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လူငယ်ဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး (Healthy Life Style) အကြောင်း ကျန်းမာရေး အသိပညာပေးခြင်းနှင့် သင်တန်းပြုလုပ်
Apr 25,2024
မန္တလေး တိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်ကာလ၌ လူငယ်ဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး (Healthy  Life  Style) အကြောင်း ကျန်းမာရေး အသိပညာပေးခြင်းနှင့် သင်တန်းကို ဧပြီ ၂၂ ရက် နံနက် ၉ နာရီက ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
Apr 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဧပြီလ(၂၃)ရက်နေ့ ညနေပိုင်း ၆ နာရီ ၂၀ မိနစ် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်အိမ်ထောင်စုများအား ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် တာဝန်ရှိသူတို့က ကယ်ဆယ်ရေးပစ္စည်း(၂၁)မျိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲပြုလုပ်
Apr 25,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (ခရိုင်အဆင့်)ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက ကော့သောင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်ရိက္ခာ (၃) လစာ ထောက်ပံ့ပေး
Apr 25,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ယာယီပြောင်းရွှေ့နေထိုင်ကြသည့် ယာယီနေရပ်စွန့်ခွာသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ   ထောက်ပံ့ပေးအပ်သော  ဆန်အိတ်များကို ယမန်နေ့က ဆက်လက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် ကလေးစာဖတ်ခန်း၌  ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ
Apr 25,2024
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ကလေးစာဖတ်ခန်း၌ ကလေးငယ်များဉာဏ်ရည် ထက်မြက်စေရန် ယ​နေ့နံနက်ပိုင်းက ကဗျာရွတ်ပြိုင်ပွဲ၊ ဆေး​ရောင်ခြယ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။