သတင်းများ

စိန်ရတနာ ကျောင်းဆောင်သစ်ဖွင့်လှစ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ တက်ရောက် အားပေး
Apr 25,2024
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၈×၆၈ လမ်းထောင့်ရှိ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းတွင် “စိန်ရတနာကျောင်းဆောင်သစ်” ဖွင့်ပွဲအခမ်းအနား ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပ်ကျောင်းဆောင်သစ်ရှိတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုင်းကိုင်မြို့နယ်၌ အခြေခံအင်္ဂလိပ်စကားပြောသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေး
Apr 25,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကြီးမှူးကျင်းပသော အခြေခံအင်္ဂလိပ်စကား ပြောသင်တန်း အမှတ်စဉ် ၁/၂၀၂၄ ကို ယမန်နေ့မှစ၍ လူထုအခြေပြုဗဟိုဌာန Community Centre ၌ အခမဲ့ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
ပန်းတောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီများမှ ကွင်းဆင်းစစ်ဆေး
Apr 25,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့၌ ယမန်နေ့ နံနက် (၀၉:၀၀) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုး၏ ဦးဆောင်မှုဖြင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ မြို့နယ်အခွန်ဦးစီးမှူး ဦးမြင့်သူ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေး၊ ဥသျှစ်ပင်နယ်မြေရဲစခန်း ဒုတိယရဲအုပ်စ်ိုင်းထွန်းနှင့်တာဝန်ရှိသူများပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းများလက်လီ၊ လက်ကားရောင်းချနေသော ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ၂၀၂၄ ခုနှစ် လူရည်ချွန်မောင်မယ်များနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်
Apr 25,2024
၂၀၂၄ ခုနှစ် လူရည်ချွန်မောင်မယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခတ်မြို့နယ် နောင်ဖူကျေးရွာတွင် မီးလောင်မှုဖြစ်ပွား
Apr 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ နောင်ဖူ ကျေးရွာတွင် ယမန်နေ့ညနေ ၃ နာရီအချိန်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သန်လျင်ခရိုင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်
Apr 25,2024
သန်လျင်ခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
ဥတ္တရသီရိမြို့နယ်၌ နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာ၊ ပန်းချီသင်တန်း ဖွင့်ပွဲကျင်းပ
Apr 25,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာ၊ ပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်၌ ကျင်းပရာ ဥတ္တရသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ ဇလောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီသန့်နှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကျင်းပ
Apr 25,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။