စမ်းချောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုး‌ရေး အသိပညာပေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

စမ်းချောင်း ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအသိပညာ‌ပေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ကျွန်းတော(တောင်) ရပ်ကွက်၊ ကျွန်းတောရပ်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။    

ထို့နောက်  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဘဝင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးထွန်းဝင်း၊ မြို့နယ်လဝကဦးစီးမှူး ဦးထွန်းငြိမ်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရဆွေ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှူး ဒေါက်တာမိမိခိုင်၊ မြို့နယ်စည်ပင်သာယာ လက်ထောက် အုပ်ချုပ်ရေးမှူး  ဦးအောင်ကိုကိုမြတ်တို့က  ဌာနအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြသည်။

ဖြူသွယ်ထွန်း(ပြန်/ဆက်)