ပေါင် ဇူလိုင် ၂၃
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အထက(ပေါင်) ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့ရာ အမှတ် ၆၂ မူးယစ်တပ်ဖွဲ့စု၊ သထုံမှ ရဲမှူး တင်ကိုကိုနှင့် တပ်ဖွဲ့ဝင်များ ၊ပေါင်မြို့မစခန်းမှူး ဒုရဲမှူး ကျော်စိုးသန်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုလွင်ဦးနှင့် ဆရာ၊ဆရာမများ၊ ပေါင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲကျော်ယျနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူ(၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အမှတ်၆၂ မူးယစ်တပ်ဖွဲ့စုမှူး၊သထုံမှ ရဲမှူး တင်ကိုကိုက မူးယစ်ဆေးဝါးနှင့် ပတ်သက်သော အကြောင်းအရာများကို အသိပညာပေး ဟောပြောခြင်း၊ ပေါင်မြို့မစခန်းမှူး ဒုရဲမှူး ကျော်စိုးသန်းက လူကုန်ကူးမှု၊ လောင်းကစားမှုများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူများကသိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုလွင်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အမှတ် ၆၂ မူးယစ်တပ်ဖွဲ့စု၊သထုံမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မွန်မလေး(ပြန်/ဆက်)