ကျောက်တန်း ဇူလိုင်လ ၂၃
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူကို ပညာတော်သင်ဂုဏ်ပြုထောက်ပံ့ငွေ (၁၆၈) သိန်းကျပ် ချီးမြှင့်ပွဲအခမ်းအနားကို ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ဇူလိုင်လ ၂၃ ရက်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အဓိဌာန်အောင် နယ်လှည့်သာသနာပြု ကမ္ဘာ့ဗုဒ္ဓငြိမ်းချမ်းရေးဆုရှင်အဂ္ဂမဟာ ပရဟိတဓရ ဒေါက်တာဘဒ္ဒန္တသုမနက ဩဝါဒစကား မိန့်ကြားတော်မူပြီး ဆရာတော်၏ ပညာသင်စရိတ်ပံ့ငွေ (၁၆၈) သိန်းကျပ်အား ဆရာတော်ကိုယ်စား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ (၆) ဘာသာဂုဏ်ထူးရှင် မောင်မင်းသီဟကျော်အား ပေးအပ်ခဲ့သည်။
ဆက်လက်၍ အလှူရှင်များက ပညာသင်စရိတ်ထောက်ပံ့ငွေနှင့်ဂုဏ်ပြု လက်ဆောင်ပစ္စည်း ပေးအပ်ပေးရာ မောင်မင်းသီဟကျော်မှ လက်ခံပြီး ၆ ဘာသာဂုဏ်ထူးရှင် မောင်မင်းသီဟကျော်မှ ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ညောင်ဝိုင်းလေကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဓိဌာန်အောင် နယ်လှည့်သာသနာပြု ကမ္ဘာ့ဗုဒ္ဓငြိမ်းချမ်းရေးဆုရှင် အဂ္ဂမဟာပရဟိတဓရ ဒေါက်တာဘဒ္ဒန္တသုမန (PhD, Buddhism, World Peace)၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်နှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)