စေတုတ္တရာမြို့နယ်တွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား
Apr 24,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူများ ယဉ်ကျေးလိမ္မာမှုရှိစေရန်၊ ဗုဒ္ဓတရားတော်များကို အခြေခံမှစသိရှိနားလည်စေရန် ရည်ရွယ်၍ ယဥ်ကျေးလိမ္မာသင်တန်းကို စေတော်ဝင်တောရကျောင်းတိုက်တွင် ယနေ့နံနက် ၈ နာရီအချိန်တွင် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။