စလင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့်ထိခိုက်ခဲ့သည့် ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

စလင်း ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင် ကြီးကြပ်မှုဖြင့် စလင်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစောလွင်ဦးနှင့် ပူးပေါင်းအဖွဲ့များက လေဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးအတွက် စုစုပေါင်း (၁၄၀၂၀၀၀)ကျပ်နှင့် ပြိုကျလူနေအိမ်(၄)လုံးအတွက် ၂၃၇.၇၅၁ တန်ဖိုးရှိ အိမ်ဆောက်ပစ္စည်း(၁၆)မျိုးပါ ပုံး(၁)ပုံးစီတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)