ရွှေတောင်မြို့နယ်တွင် အခြေခံအေရိုးဗစ် သင်တန်းဆင်းပွဲကျင်းပ

ရွှေတောင် ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံအေရိုးဗစ်သင်တန်း ဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာကြံ့ခိုင်၊ ထူးချွန်သည့် အားကစားသမားများပေါ်ထွန်းလာစေရန်၊ လူငယ်များ ဗလငါးတန်းနှင့် ပြည့်စုံစေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက အခြေခံအေရိုးဗစ်သင်တန်းမှသည့် အဆင့်မြင့်သင်တန်းများအထိ ဆက်လက်သင်ကြားပြီး မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး လက်ရွေးစင်များအဖြစ် ကြိုးစားဆောင်ရွက်သွားကြရန် ဖြည့်စွက်ပြောကြားခဲ့ကြသည်။

အဆိုပါ အခြေခံအေရိုးဗစ်သင်တန်းဆင်းပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြ ဒေါ်မင်းမေယံကျော်နှင့် သင်တန်းသား၊ သင်တန်းသူများက သရုပ်ပြတင်ဆက်ပြသပေးခဲ့ပြီး သင်တန်းကာလမှာ ဧပြီ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိဖြစ်ကာ သင်တန်းသား/ သူ (၁၄) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)