ပေါက်ခေါင်း ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့ ညနေ(၅)နာရီအချိန်ခန့်က ရုတ်တရက်လေပြင်းများတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၆)အုပ်စုတို့တွင် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၄၅)လုံးအမိုးလန်ပျက်စီးခဲ့ပြီး လူနေအိမ်(၂)လုံးပြိုလဲခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းများတိုက်ခတ်မှုကြောင့် ဗောဓိကုန်းကျေးရွာအုပ်စုတွင် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၆)လုံးအမိုးလန်၊ သဖန်းချိုကျေးရွာအုပ်စုတွင် လူနေအိမ်(၆)လုံးနှင့် အရှေ့မကွေကျေးရွာအုပ်စုတွင် လူနေအိမ်(၁)လုံးအမိုးလန်၊ ပိတောက်ကုန်းကျေးရွာအုပ်စုတွင်လူနေအိမ်(၁)လုံးပြိုခဲ့ပြီး လူနေအိမ်(၂၀)လုံး အမိုးလန်ပျက်စီး၊ ရပ်သစ်ကျေးရွာအုပ်တွင် လူနေအိမ်(၂)လုံးအမိုးလန်ပြီး ညောင်ပင်သာကျေးရွာ အုပ်စုတွင်လူနေအိမ်(၁)လုံး ပြိုကျခဲ့ပြီး လူနေအိမ်(၁၃)လုံးအမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ယင်းသို့ လေပြင်းများတိုက်ခတ်မှုဖြစ်စဉ်ကြောင့် ကျေးရွာအုပ်စု(၆)အုပ်စုရှိ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၄၅)လုံးအမိုးလန်ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်(၂)လုံးပြိုလဲ့ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၈,၃၅၀,၀၀ဝိ/ ရှိကြောင်း သိရသည်။
အဆိုပါ လေဘေးသင့်၍ ပြိုကျ/အမိုးလန်ခဲ့သည့် လူနေအိမ်များရှိ အိမ်ထောင်စုများအား ယာယီနေထိုင်နိုင်ရေး၊ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် တာဝန်ရှိသူများကလိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)