မက်မန်းမြို့နယ်(Community Centre)ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

မက်မန်း ဧပြီ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်များ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ တိုးပွားပြီး ကာယဉာဏဖွံ့ဖြိုးတိုး တက်စေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယမန်နေ့မွန်လွဲပိုင်း အချိန်က လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပန်းချီသင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချို က ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့်ထူးချွန်ထက်မြက်သော လူငယ်များ ပေါ်ထွန်းလာစေရန် အခမဲ့သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ထို့နောက် နွေရာသီအခမဲ့ပန်းချီ သင်တန်းကို သင်ကြားပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူလျက်ရှိကြောင်း သိရပြီး အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ၂၀၂၄ ခုနှစ်၊ဧပြီ (၂၄)ရက်နေ့မှ မေလ(၃)နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

မက်မန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်း ပိတ်ရက်တွင် ကျောင်းသား၊ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရေး အခမဲ့သင်တန်း များဖြစ်သည့် အခြေခံပန်းချီသင်တန်းအပြင် ဆေးရောင်ခြယ်သင်တန်း၊အခြေခံအင်္ဂလိပ် (Grammar) သင်တန်း၊ကဗျာရေးစပ်နည်း သင်တန်းများကို အခမဲ့ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)