သတင်းများ

ညောင်တုန်းမြို့နယ်တွင် အခွန်ဆိုင်ရာ ရှင်းလင်းပွဲကျင်းပ
Aug 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အခွန်ဆိုင်ရာရှင်းလင်းပွဲကို ဩဂုတ်လ ၂၂ ရက်နေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ပင်လောင်းမြို့နယ် GEC (ပညာရေး) သမဝါယမအသင်းလီမီတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အသင်းသားအသင်းသူများ၏  တက္ကသိုလ်ဝင်တန်းအောင် သား၊သမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Aug 24,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် GEC (ပညာရေး) သမဝါယမအသင်းလီမီတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဩဂုတ်လ(၂၂)ရက်နေ့နံနက်(၁၀) နာရီအချိန်က ပင်လောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းဝေးခန်းမ၌ ကျင်းပ‌ခဲ့ကြောင်း သိသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်
Aug 24,2025
ရှမ်းပြည်နယ်၊တောင်ကြီးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီတွင်  တောင်ကြီး မြို့၊ မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့ရာပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း(၆၀)ဦး၊ နိုင်ငံရေးပါတီများမှတာဝန်ရှိသူ (၄၀)ဦး၊ မဲဆန္ဒရှင်ပြည်သူ (၃၀၀)ဦး စုစုပေါင်းအင်အား (၄၀၀)ဦးတက်ရောက်ခဲ့သည်။
ဂန့်ဂေါမြို့၌ မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်မှုများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Aug 24,2025
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်(စနေနေ့တိုင်း)ဆောင်ရွက်လျက်ရှိရာ အဆိုပါဆောင်ရွက်မှုအခြေအနေများကို ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၈ နာရီက မြောက်ကုန်းရပ်ကွက်ရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ ရုံးတွင်း/ရုံးပြင်သန့်ရှင်းရေးဆောင်ရွက်မှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မင်းဘူးမြို့၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 24,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းအဆင့်(၃)စီမံချက် ထပ်တိုးအစီအစဉ်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက် ၁၀ နာရီက မင်းဘူးမြို့ ပညာအလင်းရောင်ကိုယ်ပိုင် အထက်တန်းကျောင်း၌ သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ပေးအပ်ချီးမြှင့်
Aug 24,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ငွေပေးအပ်ချီးမြင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၊ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ
Aug 24,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို အထောက်အပံ့ဖြစ်စေရန်၊ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှုလျော့နည်းပပျောက်စေရန်၊ ပြည်သူလူထုအတွင်း သစ်တောသစ်ပင်ချစ်ခင်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၈)နာရီက တောင်တွင်းကြီးမြို့ မင်းကွန်းကျောင်းတိုက်၀န်းအတွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့ရှိ နန်းမြတ်တော်ဝင်ကိုယ်ပိုင်အထက်တန်းအဆင့်သင်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Aug 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နန်းမြတ်တော်ဝင်ကိုယ်ပိုင်အထက်တန်းအဆင့်သင်ကျောင်း တို့ပူးပေါင်း၍ ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ​ ​ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။