သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို သဘာဝမြေဩဇာပေးအပ်ခြင်းနှင့် သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိန်ကိုက်၊ အချိုးကျ၊ ကြဲပက်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲသို့တက်ရောက်
Aug 24,2025
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက  မြိတ်မြို့နယ် ကျွဲကူးကျေးရွာရှိ စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာတွင် ကျင်းပသည့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအား သဘာဝမြေဩဇာပေးအပ်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိန်ကိုက်၊ အချိုးကျ၊ ကြဲပက်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြသည်။
ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင်အားကစားကွင်းရှေ့တွင် လူငယ်ဖိုရမ်ကျင်းပရေး လှုံ့ဆော်မှုပိုစတာစိုက်ထူ
Aug 24,2025
‌ကရင်ပြည်နယ်၊ ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်းရှေ့တွင် ယမန်နေ့ညနေ(၄)နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာ၀န်ကြီး ဦးစောထွန်းအောင်နှင့် တာ၀န်ရှိသူများ၏ ကြီးကြပ်မှုဖြင့် မြန်မာ့အနာဂတ် မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် ၂၀၂၅ ( Future Front Myanmar : Youth Strategy Forum -2025) ကျင်းပရေး လှုံ့ဆော်မှုပိုစတာကို စိုက်ထူခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး
Aug 24,2025
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဒုတိယ(၆)လပတ်အတွက် အိမ်၊ ခြံ၊ မြေ၊ အဆောက်အဦ၊ တိုက်ခန်း တန်ဖိုးဖြတ်စံနှုန်းများစိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Aug 24,2025
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၆)လပတ်အတွက် အိမ်၊ ခြံ၊ မြေ၊ အဆောက်အဦ၊ တိုက်ခန်းတန်ဖိုးဖြတ်စံနှုန်းများ စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊အခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အ-ထ-က(ခွဲ)(၂၉)ကျောင်းတွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် အာဟာရကျွေးမွေး
Aug 24,2025
မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ အ-ထ-က(ခွဲ)(၂၉) ကျောင်းတွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ယမန်နေ့နံနက်ပိုင်းက အလှူရှင်များက KG အတန်းမှ G-13 ထိ အာဟာရ ကျွေး‌မွေးခဲ့သည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် မိုးရာသီအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ        
Aug 24,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးရာသီအားကစား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီခွဲခန့်က အစိုးရနည်းပညာ အထက်တန်းကျောင်း(မိတ္ထီလာ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနား ကျင်းပ
Aug 24,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံစာကြည့်တိုက် ပညာသင်တန်း (၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကျင်းပ
Aug 24,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။