သတင်းများ

မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ကျေးရွာသွားလမ်း ကွန်ကရစ်လမ်းခင်းနေမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Sep 18,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်း‌ဒေသကြီးရန်ပုံငွေဖြင့် မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင် ကျေးရွာသွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား စက်တင်ဘာ ၁၈ ရက်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ချမ်းမြသာစည်မြို့နယ် အ-ထ-က (၃၀) ကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အကြို မြို့နယ်အဆင့်ပြိုင်ပွဲများ  ကျင်းပ
Sep 18,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အ-ထ-က (၃၀)ကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်(အကြို) မြို့နယ်အဆင့်ပြိုင်ပွဲများ ကျင်းပခြင်းကို စက်တင်ဘာ ၁၈ နံနက် ၉ နာရီက အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ၊ သင်ကြားရေးထူးချွန် ဆရာ၊ ဆရာမများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ၊ သင်ကြားရေးထူးချွန် ဆရာ၊ ဆရာမများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊‌ မွေးမြူရေးအထက်တန်းကျောင်း (အမျိုးသားခန်းမ)တွင် ကျင်းပခဲ့သည်။
မင်းလှမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များထုတ်ပေး
Sep 18,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်များကို ထုတ်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ လူမှုရေးပင်စင်များကို လူမှုဝန်ထမ်းဦးစီးဌာမှ ယနေ့ နံနက် ၁၁ နာရီက မြန်မာ့စီးပွားရေးဘဏ်နှင့်ပူးပေါင်း၍ ထုတ်ပေးလျက်ရှိသည်။
မြင်းခြံမြို့ အလယ်တန်းကျောင်းခွဲများ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Sep 18,2025
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲများ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ‌ဟောပြောပွဲကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ကံချောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက် (၁၀) နာရီက ကံချောင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အ.လ.က(ကွင်းကြီး)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကွင်းကြီးကျေးရွာ အ‌ခြေခံပညာအလယ်တန်းကျောင်း၌လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်
Sep 18,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပလောက်နယ်မြေရဲစခန်းတို့ပူးပေါင်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။