သတင်းများ

ကန်ကြီးထောင့်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် ကျောင်းသား/သူများအား စာအုပ်၊ စာစောင်များ သွား‌ရောက်ငှားရမ်းပေး
Aug 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင်‌စေရေး ရည်ရွယ်၍ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ဩဂုတ်လ(၂၁)ရက်နေ့ နေ့လယ်ပိုင်းအချိန်က အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (သန်လျင်)၌ စစ်တုရင်ပြိုင်ပွဲ ဖွင့်လှစ်
Aug 23,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့ရှိ အဆိုပါတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်၌ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား (Biometric)အချက်အလက် ကောက်ယူခြင်းနှင့် Smart Card များ ရပ်ကွက်အတွင်း ကွင်းဆင်းထုတ်ပေးခြင်းဆောင်ရွက်
Aug 23,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုမြို့နယ်လက်ထောက် ဦးစီးမှူး ဦးသန်းလှနှင့်ဝန်ထမ်းများက ယမန်နေ့ နေ့လယ် မွန်းလွဲ ၂ နာရီအချိန်က မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်ထုတ်ယူနိုင်ရန် လူပုဂ္ဂိုလ်မှန်မမှန်စီစစ်ကာ တိကျမှန်ကန်မြန်ဆန်စေရေးအတွက် Smart Card များကို နေ့ခြင်းပြီး ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Aug 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပေးခဲ့သည်။
ယင်းမာပင်မြို့၌ လူထုအခြေပြု အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲ ပြသ
Aug 23,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယင်းမာပင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လူထုအခြေပြု အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့က စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) တွင် ပြသပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီးအဆင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု တန်ဖိုးသင့် အာဟာရချက်ပြုတ်ပြိုင်ပွဲ အခမ်းအနားကျင်းပ
Aug 23,2025
၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးအဆင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု တန်ဖိုးသင့်အာဟာရချက်ပြုတ်ပြိုင်ပွဲ ဆုချီးမြှင့် ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် အမှတ်(၁၆)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လဲချားမြို့ အမှတ် (၁.၂.၃)ရပ်ကွက်နေ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်
Aug 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့ အမှတ် (၁.၂.၃) ရပ်ကွက်နေ ပြည်သူများအား  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီက သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်၌ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
Aug 23,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အမှတ် (၃၀‌)‌ ခြေလျင်တပ်ရင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။