ဖျာပုံမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Aug 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင်တန်ဖိုးများကို အများပြည်သူများ အလေးထားသိရှိနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၉)နာရီအချိန်က ဖျာပုံမြို့အမှတ် (၁၉)ရပ်ကွက်ဖျာပုံ-အမာကားလမ်းဘေးတွင် ကျင်းပပြုလုပ်သည်။