ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးစရိတ်ငွေကျပ်သိန်း၈၇၀၀ ကျော် ထုတ်ချေးပေးပြီးဖြစ်
Aug 25,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင် ဘဏ်ခွဲမှ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ ကြွေးမြီကင်းရှင်းပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိရှာ ယနေ့အချိန်အထိ စိုက်ပျိုးစရိတ် ကျပ်သိန်း ၈၇၀၀ ကျော် ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။