သတင်းများ

၂၀၂၅ ခုနှစ် ပူတာအိုခရိုင် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Aug 25,2025
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူငယ်များကိုယ်ကာယကျန်းမာကြံ့ခိုင်လာပြီး မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်လာစေရန်နှင့် ဒေသအတွက်အကျိုးပြုသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် ပူတာအိုခရိုင် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ် (၂၄)ရက် မွန်းလွဲ(၂)နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုလောမြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေး၍ လက်တွေ့သရုပ်ပြ
Aug 25,2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာ အီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေးခြင်းကို ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခွဲက ပုလောမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အမရပူရ​​မြို့နယ် အ.ထ.ကယန္တရား၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ဆုချီးမြှင့်ပွဲ ကျင်းပ
Aug 25,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း (ယန္တရား)တွင် ယနေ့နံနက် ၉ နာရီက ကျောင်းကောင်စီဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားတက်ရောက်
Aug 25,2025
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့နယ်နှင့် ဝါးခယ်မမြို့နယ်တို့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်တက်ရောက်၍ တောင်သူများအား ဓာတ်မြေဩဇာများပေးအပ်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Aug 25,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာ ရှည်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။
သနပ်ပင်မြို့နယ်၌ သမဝါယမမိုးစပါးစီမံကိန်းစိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Aug 25,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သမဝါယမဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ချောစုလိူင်နှင့် အဖွဲ့သည် ကမာဖရံကျေးရွာအုပ်စုအတွင်းရှိ "ဒိုင်းမွန်း" စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းသား တောင်သူဦးစိုးမင်း၏ လယ်တွင် မိုးစပါးစံပြကွက်စိုက်ပျိုးထားရှိမှုနှင့် အောင်နိုင်တိုးစပါးမျိုးဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအား ယမန်နေ့ မနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် သံတော်ဦးကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းကောင်စီဥက္ကဋ္ဌ ဖလားအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ
Aug 25,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သံတော်ဦးကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အားကစားကွင်း၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။