မိုင်းခုတ် မေ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ကလေးငယ်များစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စာကြည့်တိုက်သို့လာရောက်သည့် အလေ့အထကောင်းများရရှိစေရန်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲသို့ မိုင်းခုတ်မြို့ရှိ ကျောင်းသား၊ကျောင်းသူများက ၀င်ရောက်ယှဥ်ပြိုင်ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းခုတ်မြို့ရုံးအနေဖြင့် ကလေးငယ်များဗဟုသုတတိုးပွားစေရန်အတွက် ဆေးရောင်ခြယ်ပြိုင်ပွဲများအပြင်ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မိုင်းခုတ်(ပြန်/ဆက်)