ဘုတ်ပြင်း မေ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက်(၉)နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့၊ မြို့မဈေးလမ်းဆုံနှင့် မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံတို့တွင် စိုက်ထူခဲ့သည်။
အဆိုပါ မြေစိုက်ပိုစတာစိုက်ထူခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦညီညီနှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်ပညာရေးမှူး ဦကျော်သီဟနှင့် အခြခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ ဆရာမများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ‘‘နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့’’ စာသားပါ ဗီနိုင်းမြေစိုက်ပိုစတာကို စုပေါင်းစိုက်ထူခဲ့ကြသည်။
ယခုနှစ် ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၅)ရက်နေမှ မေလ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သီတင်းပတ်အဖြစ် ကျောင်းအပ်နှံခြင်းဆောင်ရွက်ကြရမှာဖြစ်ပြီး မြန်မာ့ပညာရေးစနစ် တိုးတက်မြှင့်မာလာစေရန်နှင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့် အခွင့်အလမ်း ရရှိစေရေး ရည်ရွယ်ချက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြေစိုက်ပိုစတာအား စိုက်ထူရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)