ပြည် မေ ၂၀
ပြည်တွင်းအခွန်များဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ယမန်နေ့နံနက်ပိုင်းက အခွန်ဆိုင်ရာပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပရာ မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဝင်များနှင့် အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် ပြည်မြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဌေးဦးက “ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံဆောင်ရွက်နေသော အခွန်များအကြောင်းနှင့် အခွန်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အခွန်ထမ်းပြည်သူများ၏ သိလိုသည့်မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)