သနပ်ပင် မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ သဘာဝမြေဩဇာများကိုတွင်ကျယ်စွာ အသုံးပြုလာနိုင်စေရေးအတွက် သစ်စိမ်းမြေသြဇာဖြစ်သည့် ပိုက်ဆံလျှော်ကြဲပက်ပွဲကို ယနေ့နံနက်ပိုင်းက သနပ်ပင်မြို့နယ် စက်ကုန်းပိုင်းရပ်ကွက်၊ မြို့မရဲစခန်း ဝန်းအတွင်းရှိ မြေလွတ်နေရာတွင် တအုပ်တမ စိုက်ခင်းပြုလုပ်ရန် သစ်စိမ်းမြေသြဇာဖြစ်သည့် ပိုက်ဆံလျှော်ကြဲပက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုက်ဆံလျှော်ကြဲပက်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးအဖွဲ့ဝင်များက ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းမှ ကြဲပက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)