လွိုင်လင်မြို့နယ်၌ အသားနှင့်ဥကဏ္ဍဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

လွိုင်လင် မေ ၂၀

နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်အဖြစ်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၌ အသားနှင့်ဥကဏ္ဍဖွံ့ဖြိုးရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ဆန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းဇော်ဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့ညပိုင်းက လွိုင်လင်-ပင်လုံရှိ ကြက်မွေးမြူရေးခြံများသို့ ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကြက်မွေးမြူရေးလုပ်ငန်းရှင်များအား ကာကွယ်ဆေး၊ အစာအာဟာရအတွက် အားဆေးများဖြန့်ဝေခြင်း၊ဇီဝလုံခြုံရေးအတွက် ပိုးသတ်ဆေးများ အခမဲ့ထောက်ပံ့ပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လွိုင်လင်မိုး