သတင်းများ

ကျောက်ဆည်မြို့နယ်၌ ခေတ်မီစံပြကျေးရွာထူထောင်ရေး အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Sep 23,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ခေတ်မီစံပြကျေးရွာထူထောင်ရေး (Smart Village) အကောင်အထည်ပူးပေါင်းပါဝင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၃ ရက်နေ့ နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီ) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး ဖိုးဇောင်းတောင် စိမ်းလန်းစိုပြည်ရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်
Sep 23,2025
၂၀၂၅ ခုနှစ်၊ ဖိုးဇောင်းတောင် စိမ်းလန်းစိုပြည်ရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ဖိုးဇောင်းတောင်(ကြိုးဝိုင်း)၊ နေပြည်တော်-တပ်ကုန်း အမှတ် (၂) လမ်း၊ မိုင်တိုင်(၅မိုင်/၅ဖာလုံ)၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်း၊ ဦးဟန်သူ၊ နေပြည်တော် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွှန့်ဝင်း၊ ဥတ္တရခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
မြဝတီမြိုနယ်၌  နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Sep 23,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းနေကြာ စိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၂၃ ရက်နေ့၊ နေ့လယ် ၁ နာရီက မြဝတီခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူ လက်ဝယ်အရောက် စာအုပ် စာစောင်များ ငှားရမ်းပေး
Sep 23,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။
ချမ်းမြသာစည်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲ၊ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Sep 23,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန် ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတ လေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို (၅၄) လမ်းရှိ အမှတ် (၁၉) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် စက်တင်ဘာ ၂၃ ရက်နေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိတ္ထီလာမြို့ အမှတ် (၃၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ
Sep 23,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အမှတ် (၃၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ပေါက်ချောင်းရပ်ကွက်ရှိ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံးကြီး သွေးလှူဘဏ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာ‌ပေးဟောပြောခြင်းနှင့် ကျောင်းနေအရွယ်ကလေးများအား အာဟာရတိုက်ကျွေးခြင်းဆောင်ရွက်
Sep 23,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းနှင့်ကျောင်းနေအရွယ်ကလေးများအား အာဟာရတိုက်ကျွေးခြင်း ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျခတ်ငူကျေးရွာ အ.မ.က(ဇရိုး)ကျောင်း၌ ပြုလုပ်ခဲ့ရာ မြို့နယ်မွေးမြူ‌ရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်ရဲအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နွေးနွေး၊ ကျခတ်ငူကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးနှင့် အချင်အတွယ် မှန်ကန်ရေး ကွင်းဆင်းစစ်ဆေး
Sep 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများမီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စက်သုံးဆီများ ဝယ်ယူသုံးစွဲရာတွင် အချင်အတွယ် မှန်ကန်စေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ယမန်နေ့နံနက် (၁၀) နာရီက သက်ဆိုင်ရာဌာနများကစုပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။