သတင်းများ

ရမည်းသင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Jun 21,2024
တောင်သူလယ်သမားဦးကြီးများ၏ စိုက်ပျိုးစရိတ် လိုအပ်ချက်ကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် လုပ်ကွက်ငယ်တောင်သူလယ်သမားများကို နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မှ ၂၀၂၄ ခုနှစ်မိုးရာသီ၊ သီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မေ၂၀ ရက်ကစတင်၍ ထုတ်ချေးပေးလျက်ရှိပြီး ယနေ့ နံနက် ၉ နာရီက ဥသျှစ်ကုန်းကျေးရွာအုပ်စုမှ တောင်သူများအား စိုက်ပျိုးစရိတ် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်
Jun 21,2024
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လွယ်အွန့်ကျေးရွာ အုပ်စု၊ လွယ်အွန့်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြုလုပ်သည်။
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jun 21,2024
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံး၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနွေရာသီတွင် ရေရှားပါးမှု၊ မြစ်ရေတိမ်ကော၍ သွားလာရေးခက်ခဲမှုများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃/၂ဝ၂၄)သို့ တက်ရောက်မည့် သင်တန်းသားများအား သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်
Jun 21,2024
မွန်ပြည်နယ်တွင်​ နွေရာသီ၌ရေရှားပါးမှု၊ မြစ်ရေတိမ်ကော၍ သွားလာရေးခက်ခဲမှုများ၊ စိုက်ပျိုးရေနှင့် သုံးရေများ မြစ်ရေတင်အသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နွေရာသီတွင် ဖြစ်ပေါ်လာသည့် ရေရှားပါးမှု၊ မြစ်ရေတိမ်ကော၍ သွားလာရေးခက်ခဲမှုများ၊ စိုက်ပျိုးရေးနှင့် သုံးရေများ မြစ်ရေတင်အသုံးပြု နိုင်ရေးအတွက် စီမံဆောင်ရွက်မှုများ၊ ဖြေရှင်းရန်နည်းလမ်းများနှင့် အကြံပြုချက်များနှင့်အတူ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီမှ တင်ပြလာမှုအပေါ် ယခုမိုးတွင်းမှစ၍ ဖိဖိစီးစီးဆောင်ရွက်ရန် ညွှန်ကြားမှုပြုခဲ့သဖြင့် ယနေ့အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊
စစ်ကိုင်းမြို့တွင် FDA လျောက်ထားချက်များနှင့် ပတ်သက်၍ အသိပညာပေး ‌ဆွေးနွေးပွဲ ကျင်းပ
Jun 21,2024
စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကြီးမှူး၍ စစ်ကိုင်းမြို့ရှိ စားသောက်ကုန်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ FDA ‌လျောက်ထားချက်များနှင့် ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
မြင်းခြံမြို့၌ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းများ ရေးသွင်းတိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိ
Jun 21,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ မြို့နယ်အတွင်း နေထိုင်သူများ အတည်ပြု လူဦးရေစာရင်း မှန်ကန်စေရေး အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းများ ရေးသွင်းခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးပြီးသစ်ပင်များကို တစ်ဦးချင်းစီက အသိစိတ်ဓာတ်ရှိစွာဖြင့် တန်ဖိုးထားထိန်းသိမ်းပြုစုစောင့်ရှောက်ဖို့လို
Jun 21,2024
ယခုနှစ် မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း သစ်မျိုး(၁၇)မျိုးဖြင့် အပင်ပေါင်း နှစ်သိန်းခုနှစ်သောင်းကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ရာ ယခုအခါ အပင်ပေါင်း ၂၈၆၇ ပင်ကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကွင်း၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ မိုးရာသီ (ဒုတိယအကြိမ်) သစ်ပင်စိုက်ပွဲမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ရှေးဦးအရွယ်ကလေးသူယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့အစည်းအဝေးကျင်းပ
Jun 21,2024
တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသည်။