သတင်းများ

တိုက်ကြီးမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီက တာခွကျေးရွာအုပ်စု ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းဝန်း၌ ကျင်းပခဲ့သည်။
မိုင်းရှူးမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေး ပိုစတာစိုက်ထူပွဲကျင်းပ
Jun 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး‌ရှေ့၌ ၂၀၂၄ခုနှစ်၊လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ယနေ့နံနက်(၈)နာရီက လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပခဲ့သည်။
မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရေဘေးသဏ္ဍာန်တူ ဇတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Jun 22,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရေဘေးသဏ္ဍာန်တူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့ ဓာတ်တော်ကုန်းဘုရားဓမ္မာရုံနှင့် ဧရာဝတီမြစ်ကမ်းဘေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 22,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် သစ်တောသစ်ပင်များ၊ သစ်တော ဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်းလန်းစိုပြေရေးကို အထောက်အကူပြု သလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲက လယ်မကျေးရွာအုပ်စု၊ ရွှေခြံရတနာဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လူထုပညာပေး Billboard စိုက်ထူပွဲ အခမ်းအနားကျင်းပ
Jun 22,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လူထုပညာပေး Billboard စိုက်ထူပွဲ အခမ်းအနားကျင်းပခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၇:၃၀)နာရီက နာရီစင်ရှေ့သံကြိုးလမ်းတွင် ဆောင်ရွက်ခဲ့သည်။
ချောက်မြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ
Jun 22,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာလူ ထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက အမှတ်(၁၅)ရပ်ကွက် မြေနီကုန်း ရပ်ချောက်-မကွေးသွားကားလမ်းမကြီးဘေးတွင် ကျင်းပခဲ့သည်။
သဲကုန်းမြို့ မူလတန်းကြိုကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 22,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရန်၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ခြင်ပုန်းခြင်ကျားများ ခိုအောင်းပေါက်ဖွားမှုမရှိစေရေး၊ ပိုလောက်လမ်းများ မပေါက်ဖွားစေရေးအတွက် ယမန်​နေ့က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းနှင့် (ရပ်ကွက်-၂) ကန်တော်မင်္ဂလာရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင်  ခြင်ဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့ (Grade – 12) အောင်မြင်ခဲ့သော ကျောင်းသား / သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jun 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာ၊ အ.ထ.က(ခွဲ) သဇင်စာသင်ကျောင်းမှ ( ၂၀၂၃ - ၂၀၂၄) ပညာသင်နှစ် ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ( Grade – 12) အောင်မြင်ခဲ့သော ကျောင်းသား/ သူများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် ကျောင်းသား/ သူများမှ ဧည့်ခံကျွေးမွေးခြင်း အခမ်းအနားအား ယမန်နေ့နံနက်(၁၀) နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။