နတ်မောက်မြို့နယ်တွင် နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း၍ စံကွက်ရိတ်သိမ်း

နတ်မောက် ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နွေနှမ်းများအောင်မြင်ဖြစ်ထွန်း၍ စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘုန်းတော်ပြည့်ကျေးရွာ တောင်သူ ဒေါ်အေးသန်း၏ ကွင်းအမှတ်(၁၂၀၃)၊ ဦးပိုင်အမှတ်(၂၅/၁)လယ်ယာမြေဒသမ ၂၅ ဧကတွင် ပြုလုပ်ခဲ့သည်။

အဆိုပါနွေနှမ်းစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။ နတ်မောက်မြို့သည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံအဓိကစိုက်ပျိုးသည့် မြို့နယ်ဖြစ်၍ ယခုနှစ်နွေနှမ်း(၇၅၈)ဧကစိုက်ပျိုးခဲ့ပြီး နွေနှမ်းတွေကတော့ ပန်းတိုင်အထွက်တိုးရရှိ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ နတ်မောက်တမံဆည်ရေသောက်ဖြစ်သည့် ဘုန်းတော်ပြည့်ကျေးရွာ နွေနှမ်း(၁၉၈)ဧကစိုက်ပျိုးထားကာ ပန်းတိုင်အထွက်တိုးရန် နွေနှမ်းများရိတ်သိမ်းခြင်း ဖြစ်ကြောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများနှင့်အတူ လယ်ယာမြေပိုင် ဒေါ်အေးသန်း၏ နွေနှမ်းအား ရိတ်သိမ်းခဲ့ရာ တစ်‌ဧကအပင်ဦးရေ(၉)သောင်းကျော်ဖြစ်ပြီး တစ်ပင်ပါသီးလုံးဦးရေ(၆၁)လုံးဖြစ်၍ တစ်ဧက(၂၁.၂၂)တင်းနှုန်းခန့်မှန်းထွက်ရှိကြောင်း သိရသည်။

လှဝင်း