မင်းဘူး(စကု)မြို့နယ်၌ မိုးသီးနှံ သီးနှံစုံ ဧက ၂၀၀၀၀၀ ကျော် စိုက်ပျိုးရန် လျာထား

မင်းဘူး ဇူလိုင် ၇

မကွေးတိုင်းဒေသကြီ၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မိုးသီးနှံ သီးနှံစုံဧက ၂၀၀၀၀၀ ကျော် စိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးသီးနှံအဖြစ် သီးနှံစုံစိုက်ပျိုးရန် လျာထားလျက်ရှိရာ မိုးစပါး ၄၀၉၃၂ ဧက၊ မိုးနှမ်း ၆၃၇၄၈ ဧက၊ နေကြာ ၃၇၅၁၄ ဧက၊ မြေပဲ ၁၆၆၇၁ ဧက၊ ပဲတီစိမ်း ၂၈၁၂၈ ဧက၊ ကုလားပဲ ၁၈၆၂၉ ဧက၊ ပဲကြီး ၁၁၁၉၁ ဧက၊ ပဲစင်းငုံ ၄၃၁၉ ဧက၊ ပဲလွမ်း ၃၁၄၂ ဧက၊ ထောပတ်ပဲ ၁၅၇၀ ဧက၊ ပဲနောက် ၂၆၈ ဧက၊ ပဲကျား ၂၅၀ ဧက၊ မတ်ပဲ ၁၅၂ ဧက၊ စားတော်ပဲ ၅၁ ဧက ဖြစ်၍ စုစုပေါင်း သီးနှံစုံ ၂၂၈၁၃၅ ဧက စိုက်ပျိုးရန်လျာထားလျက်ရှိကြောင်း မြို့နယ်စိုက်ရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဇော်မင်းသူထံမှ သိရသည်။

အဆိုပါ စိုက်ပျိုးမည့် တောင်သူများအား ယခုနှစ်မိုးးရာသီ သီးနှံစုံစိုက်ပျိုးရာတွင် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် အထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့က ကူညီထောက်ခံအားပေးကာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မျိုးကောင့်မျိုးသန့်ရရှိရေး၊ အချိန်မီစိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာများ အချိုးညီညီ သုံးစွဲတတ်စေရေး၊ မြေယာပြုပြင်ခြင်း၊ ပျိုးထောင်ခြင်း စသောနည်းပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇေယျာထက်