သရက်မြို့ ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာချစ်သူများ စာဖတ်ဝိုင်းကျင်းပ

သရက် ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာဖတ်ဝိုင်းကျင်းပခြင်းကို၁၉၉၃ခုနှစ် မေလထုတ် ရွှေအမြူတေးမဂ္ဂဇင်းပါ  စာရေးဆရာ နေဝင်းမြင့်၏နက်(စ်) ကော်ဖီဝတ္ထုတိုဖြင့်  ယနေ့ နံနက်(၈)နာရီက Commnuty Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင်မြင့်ဆွေက အမှာစကားပြောကြားရာတွင် စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းများကို ပုံမှန်ကျင်းပလျက်ရှိပြီး ယခုအခါ ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား/ကျောင်းသူများ စာဖတ်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန် စာကြည့်တိုက် လှုပ်ရှားမှုများကို လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး Book Club ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ဦးဆောင်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ Book Club အဖွဲ့ဝင်များဖြစ်သည့် ဒေါ်ဖြူဖြူဟန်၊ ဒေါ်အေးအေးရီ၊ ဒေါ်နုနုအေး ဒေါ်ခင်ခင်ဝင်း၊ ဦးညွန့်လှိုင်၊ဦးမြင့်ဆွေတို့က စာရေးဆရာ၏ ရေးသားတင်ပြမှုနှင့် ဇာတ်ဆောင်၏ ခံစားချက်များကို မိမိတို့၏အမြင်သဘောထားများ အသီးသီးဆွေးနွေးကာ ကဗျာဆရာ မောင်မင်းသိမ်း (သရက်)က စာရေးဆရာ၏တင်ပြမှုနှင့် ပတ်သက်၍ လောကတွင် အစွန်းနှစ်ပါး လွတ်ရန်နှင့်စွဲလန်းမှုတရားကြောင့် မိမိဘဝ ဒုက္ခရောက်တက်ကြောင်း ဘာသာရေးအမြင်ဖြင့် ဆွေးနွေးရမည်ဆိုလျှင် စွဲလန်းမှုကို ဆုပ်ကိုင်မထားသင့်ဟု ထင်မြင်မိကြောင်း သုံးသပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)