ဂန့်ဂေါမြို့နယ်တွင် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲပြုလုပ်

ဂန့်ဂေါ ဇူလိုင် ၇

သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရန်နှင့် ဒေသတွင်းအပူချိန် လျော့ကျကာ ဂေဟစနစ်တည်ငြိမ်လာစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အ.မ.က(မြို့မတောင်ပိုင်း)ကျောင်းတွင် ယနေ့နံနက် ၈ နာရီအချိန်က မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက သစ်တောသစ်ပင်များသည် သက်ရှိသတ္တဝါအားလုံး၏ ရှင်သန်ရပ်တည်ရေးအတွက် အရေးပါကြောင်း၊ ထို့ကြောင့် သစ်တောသစ်ပင်များအား အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေးတွက် ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ စုပေါင်းသစ်ပင်စိုက်ပျိုးကြရန်နှင့် စိုက်ပျိုးသည့် သစ်တောသစ်ပင်များ အဓွန့်ရှည်တည်တံ့ခိုင်မြဲရန် ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ခေတ္တခရိုင်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးငွေစိုးမှ ပျိုးပင်များကို ပေးအပ်ခဲ့ရာ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက လက်ခံရယူခဲ့သည်။

၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် အမြင့်(၂)ပေအထက်ရှိ တပေဘူတ(၁၈)၊ ကျွန်း(၁၅)၊ ခရေ(၁၅)၊ ငုရွှေဝါ(၁၅)၊ ငုစပ်(၁၅)၊ အသောက(၁၂)၊ ပိတောက်(၆)၊ မန်ကျဉ်း(၅)၊ ပန်းတမာ(၅)၊ မယ်ဇယ်(၄)၊ မြန်မာ့ကုက္ကိုလ်(၃)၊ ရေတမာ(၃)၊ တမလန်း(၂)၊ သင်းဝင်(၂)၊ တမာ(၂)၊ မယ်ဇလီ(၂) စသည့် စုစုပေါင်းပျိုးပင်(၁၂၄)ပင်အား တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့/ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ဖိတ်ကြားထားသူ စုစုပေါင်း(၂၀၀)ဦးခန့်က စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါ စိုက်ပျိုးခဲ့သည့် သစ်ပင်များအား ဆက်လက်ရှင်သန်နိုင်ရေး အ.မ.က(မြို့မတောင်ပိုင်း)ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတို့က ဝိုင်းဝန်းပြုစုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)