သတင်းများ

ပြင်ဦးလွင်မြို့တွင် “ပိုးစာပင်ကိုင်း ဖြတ်ခြင်း”‌ တောင်သူပညာပေးကွင်းသရုပ်ပြပွဲအခမ်းအနား ကျင်းပပြုလုပ်
Jun 29,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ၊ ပိုးသုတေသနနည်းပညာဖွံ့ဖြိုးရေးဗဟိုဌာနမှ “ပိုးစာပင်ကိုင်း ဖြတ်ခြင်း” တောင်သူပညာပေးကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ပိုးသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန၊ ရပ်ကွက်ကြီး(၆)၊ နန္ဒာလမ်း၌ကျင်းပပြုလုပ်သည်။
သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ စားသုံးဆီနှင့် ဆပ်ပြာမှုန့်များထောက်ပံ့ပေးအပ်
Jun 29,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် (၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ၊ အသင်းစုအမှုဆောင်နှင့်အသင်း၏ဝန်ထမ်းများအား စားသုံးဆီနှင့် ဆပ်ပြာမှုန့်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ကန်ကြီးထောင့်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ
Jun 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများညှိနှိုင်းအစည်းအ‌ဝေးကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့၌ ဥပဒေရေးရာဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်
Jun 29,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဥပဒေရေးရာဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
ငါန်းဇွန်မြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အလှကုန်ပစ္စည်းဆိုင်များတွင် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးဆွေးနွေး
Jun 29,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ ပြည်သူများသုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး မြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အလှကုန်ပစ္စည်းဆိုင်များအား ဇွန်လ ၂၇ရက်နေ့ နံနက် ၈ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးပြီးဖြစ်
Jun 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ယနေ့နံနက်ပိုင်းတွင် ကျုံမှော်ကျေးရွာအုပ်စုနှင့် အဖောင်ကြီးကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလားရရှိလာသော ရွှေကျင်မြို့နယ်အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲပြုလုပ်
Jun 28,2024
ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း၊ ပဲခူးတိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုဖလားရရှိခဲ့သည့် ရွှေကျင်မြို့နယ် အားကစားအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖနှင့် အားကစားဝါသနာရှင်များမှ ဂုဏ်ပြုဆုငွေ(၁၀)သိန်းကျပ် ချီမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့နယ်၌ နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လူထုလှုပ်ရှားမှုအသွင်ဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများနှင့် ကျန်းမာရေးပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်
Jun 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်တွင် နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လူထုလှုပ်ရှားမှုအသွင်ဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းနှင့် ကျန်းမာရေးပညာပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရပ်ကွက်ရှိ မဟာဇနကဘုန်းတော်ကြီးကျောင်း၊ မဟာ ဇနကဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ