သတင်းများ

မရမ်းကုန်းမြို့နယ် ရောင်နီဦးရောင်းဝယ်ရေးသမဝါယမအသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့သစ်ရွေးချယ်ပွဲကျင်းပ
Jun 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ရောင်နီဦး ရောင်းဝယ်ရေးသမဝါယမအသင်း၏ ၂၀၂၃ -၂၀‌၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့သစ် ရွေးချယ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က အဆိုပါအသင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ် စာကြည့်တိုက်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 28,2024
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များ၊ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များနှင့် စံညီစာကြည့်တိုက်များ ရေရှည်ရှင်သန်တည်တံ့စေရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်စေရေးအတွက် ယမန်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာကြည့်တိုက်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
စေတုတ္တရာမြို့နယ်၌ Grade-10 ကျောင်းသား/ ကျောင်းသူမိဘများအား စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး သင်တန်းဆိုင်ရာ သိကောင်းစရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 28,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်အခြေခံပညာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသ​ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူမိဘများအား စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးသင်တန်းဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်း(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (စေတုတ္တရာ)တွင် ကျင်းပပြုလုပ်ခဲ့သည်၊၊
တပ်ကုန်းမြို့နယ်၌ ဆေးဆိုင်များတွင် သတ်မှတ်ညွှန်ကြားချက်အတိုင်း ရောင်းချရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
Jun 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ဆေးဆိုင်များတွင် သတ်မှတ်ညွှန်ကြားချက်အတိုင်း ရောင်းချရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ဆေးလိပ်နှင့် ကွမ်းယာဆိုးကျိုး အသိပညာပေးဟောပြောပွဲကျင်းပ
Jun 28,2024
ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများက အ.မ.က(၈) အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဆေးလိပ်နှင့် ကွမ်းယာဆိုးကျိုးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မအူပင်မြို့တွင် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်ပ
Jun 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ် (၁၂) ရပ်ကွက် မြို့သစ်အခြေခံပညာ မူလတန်းကျောင်းတွင် မြို့နယ်သစ်‌တောဦးစီးဌာနမှကြီးမှူး၍ ယနေ့နံနက် (၈) နာရီအချိန်က မိုးရာသီစုပါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ်အတွင်းဆောင်ရွက်မည့် Hydro နှင့် Solar စီမံကိန်းအတွက် ရှင်းလင်းတင်ပြသည့်အခမ်းအနားသို့ တက်ရောက်
Jun 28,2024
ကျွန်းစုမြို့နယ်အတွင်းဆောင်ရွက်မည့် Hydro နှင့် Solar စီမံကိန်းအတွက် အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် F.S Report အား New Myanmar Renewable Energy Co.,Ltd  က လာရောက်တွေ့ဆုံရှင်းလင်းတင်ပြသည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၈၆)ဘီလီယံဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် သွင်းအားစု၊ ဝယ်ကြိတ်အဖွဲ့များနှင့် တွေ့ဆုံ
Jun 28,2024
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် သွင်းအားစု၊ ဝယ်ကြိတ်အဖွဲ့များနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သွင်းအားစု၊ ဝယ်ကြိတ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။