ကမာရွတ်မြို့နယ်၌ ​ရှေးဦးပြုစုခြင်းအ​ခြေခံသင်တန်း အမှတ်စဥ်(၁/၂၀၂၄)ဖွင့်လှစ်

ရန်ကုန် ဇွန် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကမာရွတ်မြို့နယ်ကြက်​ခြေနီအသင်းခွဲ/တပ်ဖွဲ့မှ ကြီးမှုးဖွင့်လှစ်သည့် ​ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဥ်(၁/၂၀၂၄)ကို ဇွန်လ၂၇ရက်နေ့နံနက်(၀၉း၀၀)နာရီအချိန်က အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ သ​ပြေခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က(၅)ကျောင်းအုပ်ဆရာမကြီး ​ဒေါ်​အေး​အေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး ကမာရွတ်ခရိုင်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။

ဆက်လက်၍ အလုံခရိုင်၊ သင်္က္ကန်းကျွန်းခရိုင်၊ ဗဟန်းခရိုင်နှင့်ကမာရွတ်ခရိုင်မှ သင်တန်းနည်းပြကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကျောင်းသား၊ ကျောင်းသူများအား ကြက်ခြေနီအကြောင်းသိ​ကောင်းစရာ၊ ရှေးဦးပြုစုခြင်းဆိုင်ရာ အ​ခြေခံသဘောတရားများ၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ​ရှေးဦးပြုစုခြင်း၊ အပူ​လောင်ခြင်းနှင့်အရည်ပူလောင်ခြင်း၊ အဆိမ်မိခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့်အရိုးဆစ်ဒဏ်ရာ၊ သတ္တဝါများကိုက်ခြင်းတုတ်ခြင်း၊ အ​ခြေခံအသက်ကယ်အ​ထောက်ကူပြုနည်း၊ ကိုင်တွယ်ခြင်းနှင့်သယ်​ဆောင်နည်းများကို စာ​တွေ့လက်​တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဇွန်လ၂၈ရက်​နေ့မှ၃၀ရက်​နေ့ထိ ​နေ့စဥ်နံနက်(၀၉း၀၀)နာရီမှ(၄း၃၀)နာရီထိ သင်ကြားပို့ချ​ပေးခဲ့​ကြောင်း သိရပါသည်။

မြို့နယ်(ပြန်ဆက်)