သရက်မြို့၌ ကိုယ်လုံပညာသင်တန်းဆင်းပွဲကျင်းပ

သရက် ဇွန် ၂၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကိုယ်လုံပညာသင်တန်းဆင်းပွဲကျင်းပခြင်းကို ယမန်နေ့နေ့လည် (၂)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ကိုယ်လုံပညာသင်တန်း သင်တန်းသူများမှ အခြေခံကစားနည်း (၆၃)ကွက်အား ပြသပေးခဲ့ပြီး ကိုယ်လုံပညာသင်တန်း နည်းပြ ဒေါ်နွယ်နီမွန်က ဒါး(၂)လက် စွမ်းရည်ဖြင့် သရုပ်ပြသပေးခဲ့ရာ  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင့်ပိုင်သူက ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် သင်တန်းဆင်းလက်မှတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့က ပေးအပ်ရာ သင်တန်းသူများမှ လက်ခံပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)