သတင်းများ

မှော်ဘီမြို့နယ်တွင် မဲဆန္ဒရှင််ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်များ ကွင်းဆင်းဆောင်ရွက်
Sep 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ လုပ်ငန်းအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ သိရှိစေရန်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဖွဲ့(၃)ဖွဲ့ခွဲ၍ အဖွဲ့(၁)မှ အထယုအုပ်စုကျအဖွဲ့(၂)မှ ဘိုးဒေါနကုန်းဘုန်းကြီးကျောင်းတိုက် အဖွဲ့(၃)မှ ညောင်နှစ်ပင်ဘုန်းတော်ကြီးကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်၌ MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေစမ်းသပ်မဲပေးခြင်းအစီအစဥ်ကျင်းပ
Sep 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓဝိဟာရဗဟိုရ်ဓမ္မာရုံ၌ ယနေ့နံနက်(၉)နာရီခွဲအချိန်မှ (၁၂:၀၀)အချိန်ထိ ရပ်ကွက်နေမဲဆန္ဒရှင်ပြည်သူများအား MEVMမဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေစမ်းသပ်မဲပေးခြင်းအစီအစဥ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ
Sep 24,2025
ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို စက်တင်ဘာ ၂၄ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ် ခန်းမတွင်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ကျေးရွာအုပ်စု ၁၅ အုပ်စုမှ စပါး၊ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးသူတောင်သူများ၊ စိုက်ပျိုး‌‌ ရေးဆေးအရောင်းကိုယ်စားလှယ်များ၊ ရပ်‌ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၁၀၂ ဦး တက်ရောက်ခဲ့ကြသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒလမြို့နယ်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေး
Sep 24,2025
ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်ရှိ အလယ်ကျောင်း ပရိယတ္တိစာသင်တိုက် ဓမ္မဒီပကျောင်းဆောင်၌ သံဃာတော်များနှင့် ဒေသခံပြည်သူများကို ယနေ့နံနက် ၈ နာရီ အချိန်မှစ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။
သာကေတမြို့နယ်စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်
Sep 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (BookClub) အဖွဲ့မှ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် စာဖတ်ဝိုင်းအားကျင်းပခဲ့သည်။
သံဖြူဇရပ်၌ ဒူးရင်းနှင့်​ရော်ဘာသီးနှံမြေပြင်စိုက်ဧကနှင့် စိုက်ပျိုးထုတ်လုပ်မှုအ​ခြေအ​နေသိရှိနိုင်ရေး ​ဆောင်ရွက်မည့်သုတေသန စစ်တမ်း​ကောက်ယူခြင်းလုပ်ငန်း ရှင်းလင်း​ဆွေး​နွေးခြင်းပြုလုပ်
Sep 24,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဒူးရင်းနှင့်​ရော်ဘာသီးနှံစိုက်ပျိုးမှု​ မြေပြင်စိုက်ဧကနှင့် စိုက်ပျိုးထုတ်လုပ်မှုအ​ခြေအ​နေ သိရှိနိုင်​ရေးဆောင်ရွက်မည့် သု​တေသန စစ်တမ်း​ကောက်ယူခြင်းလုပ်ငန်း ရှင်းလင်း​ဆွေး​နွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ပြုလုပ်သည်။
ဒေါပုံမြို့နယ် ဝါဆိုရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပဆောင်ရွက်
Sep 24,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဝါဆိုရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်ကရွှေယမုံခန်းမ၌ကျင်းပရာ  မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် သမဝါယမအသင်းများမှ အသင်းကိုယ်စားလှယ်များနှင့် အသင်းသူ၊ အသင်းသားများ တက်ရောက်ခဲ့ ကြသည်။
ရန်ကင်းမြို့နယ်တွင် DT (ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး) နှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံပေး
Sep 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ် (၈) ရပ်ကွက်အတွင်းရှိ Stream Line ကိုယ်ပိုင်ကျောင်းရှိကျောင်းသား/သူများကို DTကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က Stream Lineကျောင်းအရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။