သတင်းများ

နတ်မောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်းဖွင့်လှစ်
May 18,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့ နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မနူဟာဘုရားကြီး စိန်ဖူးတော်၊ ထီးတော်နှင့်ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့်ရွှေပြည်အောင်ပွဲကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း 
May 18,2026
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သထုံပြည့်ရှင် မနူဟာမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် မနုဟာဘုရားကြီး စိန်ဖူးတော်ထီးတော်နှင့်ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ရွှေပြည်အောင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၈ ရက် နံနက် ၁၀ နာရီက မနူဟာဘုရား ဂေါပကရုံးခန်းတွင် ကျင်းပသည်။
သဲကုန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး လိုက်လံအသိပေးနှိုးဆော်
May 18,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံနိုင်ရေး လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာသို့ လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြသည်။
မိတ္ထီလာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ
May 18,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို မေလ ၁၈ ရက်နေ့ နံနက်ကကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ကံမမြို့နယ် သက္ကယ်မြောင်ကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
May 18,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေချောမွေ့စေရန်အတွက် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီက သက္ကယ်မြောင် ကျေးရွာအုပ်စုမှ တောင်သူ(၁၄၇)ဦးတို့၏ မိုးစပါးစိုက်ဧက(၄၉၃)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၁၄၇၉)သိန်းအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ဆေးရွက်ကြီး အသုံးမပြုရေးနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည် ပြိုင်ပွဲများပြုလုပ်
May 18,2026
၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆေးရွက်ကြီး အသုံးမပြုရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏ စွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပြိုင်ပွဲများကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူ့အတွက် ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် ထရန်စဖော်မာ (၂) လုံးဖွင့်ပွဲ အခမ်းအနားကျင်းပ
May 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူ့အတွက်ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် 11-6.6/0.4kv,200 kVA ထရန်စ‌ဖော်မာ (၂) လုံးတည်ဆောက်ပြီးစီး၍ ဓါတ်လွှတ်ဖွင့်လှစ်သည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် လွတ်လပ်ရေးရပ်ကွက်၊ ၉၇ လမ်းတွင် မဲဆန္ဒနယ်အမှတ် (၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဇော်ကလည်းကောင်း၊ ပုသိမ်ညွန့်ရပ်ကွက်၊ ၁-လမ်းတွင် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်ကလည်း‌ကောင်း ဓာတ်လွှတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
ကံမမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ကြွပ်ကြွပ်အိတ်အစားထိုးအင်ဖက်များ အခမဲ့ဖြန့်ဝေ
May 18,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ် လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးရောင်း/ဈေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၇)နာရီက အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။