ဟင်္သာတ မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ လယ်တီကွင်းရပ်ကွက်၊ အင်္ဂပိုလမ်းရှိ ဟင်္သာတခရိုင်မီးသတ်ဦးစီးဌာနမှူးရုံး၌ မေ ၁၈ ရက်နေ့ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်များနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိမှုအခြေအနေအား ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့သို့ ကြည့်ရှုစစ်ဆေးရာတွင် ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းသူဟန်က ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကို ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့မှ မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၁၆ ဦးတို့ဖြင့် အသင့်စုဖွဲ့ထားရှိခြင်း၏ ရည်ရွယ်ချက်များ၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား အသုံးပြုပုံနည်းလမ်းများ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက မိမိတို့တပ်ဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာတုန့်ပြန်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး အမှတ်တရဂုဏ်ပြုငွေများပေးအပ်ကာ ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)